Archives

Categories

  • No categories

main-dsc

CDM စစ်တမ်း ကောက်ယူမှု ရည်ရွယ်ချက်

၁။ ယခုစစ်တမ်းကောက်ယူမှုသည် မိမိတို့ လွတ်လပ်သော CDM အင်အားစုမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့်သာ ကောက်ယူခြင်းဖြစ်ပြီး မည်သည့်ငွေကြေး၊ အကျိုးအမြတ်တစုံတရာအတွက်မှ ရည်ရွယ်ထားခြင်းမရှိပါ။

၂။ CDM အခြေပြု၍ကောက်ခံသည့် ယခုစစ်တမ်းမှ အချက်အလက်များကို အသုံးပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာ့နွေဦးတော်လှန်ရေးကို အာရုံစူးစိုက်မှုရှိစေရန်နှင့် မြန်မာပြည်သူလူထုနှင့် CDMများ၏အခက်အခဲများကို သိရှိစေရန် ရည်ရွယ်ပါသည်။

ယခုစစ်တမ်းမှအချက်အလက်များသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဆောင်ရွက်နေသော CDM အခန်းကဏ္ဍတွင် ပိုမိုကောင်းမွန်စေရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပါသည်။

၄။ အခက်အခဲ၊ အကြပ်အတည်းများ ကြုံတွေ့နေသော ပြည်သူလူထုနှင့်ထပ်တူ CDMများမှလည်း အခက်အခဲ၊ အကြပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်နေကြောင်း အချက်အလက်နှင့်တကွ ပြည်သူလူထုအား သိရှိစေရန် ရည်ရွယ်ပါသည်။

၅။ CDMများမှလည်း အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနေပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေသော ရဲဘော်ရဲဘက်များ၊ အခြားသောတော်လှန်ရေးအင်အားစုများနှင့်အတူ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်နေကြောင်း အချက်အလက်နှင့်တကွ သိရှိစေရန် ရည်ရွယ်ပါသည်။

အထက်ပါရည်ရွယ်ချက်များကို ကိုယ်တိုင်ဖတ်ရှု၍ သိရှိနားလည်ပြီးနောက် ယခုစစ်တမ်းအား မိမိတို့သဘောဆန္ဒအလျောက်ဖြည့်၍ နွေဦးတော်လှန်ရေးအတွက် ပါဝင်အားဖြည့်ခြင်း ဖြစ်ပါသည်။